အဘိဓမ္မာ (နမူနာ) ...
အဘိဓမ္မာ ဆိုသည်မှာ-
အဘိဓမ္မာဟူသော ဝေါဟာရသည် အဘိဟူသော ဥပသာရ နှင့် ဓမ္မသဒ္ဒါပေါင်းစပ်၍ဖြစ်သော အဘိဓမ္မ ဟူသော ပါဠိမှ ဆင်းသက်လာသော ဝေါဟာရဖြစ်သည်။ သုတ္တန်ဓမ္မထက် သာလွန်ထူးခြားသည့် ဓမ္မ ဖြစ်သောကြောင့် အဘိသဒ္ဒါဖြင့် အထူးပြု၍ အဘိဓမ္မာဟု ဆိုလေသည်။ သုတ္တန်၌လည်း ခန္ဓာစသော ပရမတ္ထတရားများ ဝေဖန်ထားသော်လည်း အဘိဓမ္မာ၌ကဲ့သို့ ထူးထူးခြားခြား အကျယ်ဝေဖန်မှု မရှိချေ။
ပိဋကတ်သုံးပုံတွင် အဘိဓမ္မာလည်း ပိဋကတ်တစ်ပုံဖြစ်ရာ၊ ထိုအဘိဓမ္မာပိဋကတ်၌ ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းဟူ၍ ကျမ်းအားဖြင့် ခုနစ်ကျမ်း ရှိလေသည်။
Post a Comment